Graduation Ceremony of the Kant Kaw School of Community Leadership and Social Studies
December 14, 2018, International Business Center, Yangon, Myanmar
သပြေပညာရေးဖောင်ဒေးရှင်းကဦးစီးဖွင့်လှစ်တဲ့ Community Leadership and Social Studies (CLASS) အစီအစဉ်ရဲ့ ဒီပလိုမာသင်တန်းဆင်းအခန်းအနားကို IBC ခန်းမမှာ ဒီဇင်ဘာလ ၁၄ရက်နေ့ ကစည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံဒေသအနှံ့အပြားမှတိုင်းရင်းသား လူမျိုးပေါင်းစုံပါဝင်တဲ့ ကျောင်းသူကျောင်းသားပေါင်း ၆၀ ဦးဟာ တစ်နှစ်တာသင်တန်းအပြီး ဒီပလိုမာ (Diploma in Community Leadership and Social Studies) လက်မှတ်ကိုရရှိကြတာဖြစ်ပါတယ်။
အခန်းအနားကို အထူးဖိတ်ကြားထားသောဧည့်သည်များနဲ့ကျောင်းသူကျောင်းသားများ၏မိသားစုများ အပါအ၀င် စုစုပေါင်း လူဦးရေ ၃၀၀ ခန့် သင်တန်းဆင်းပွဲ အခန်းအနားသို့ တက်ရောက်ဂုဏ်ပြုအားပေး ခဲ့ကြပါတယ်။ မြန်မာနိုင်ငံဆိုင်ရာဆွီဒင်သံရုံးအကြီးအကဲဖြစ်သူ Mr. Johan Hallenborg မှလည်းဘွဲ့ရကျောင်းသူ ကျောင်းသားများ အားတိုက်တွန်းအားပေးစကားများ ပြောကြားခဲ့ပါတယ်။
အခန်းအနားကို အထူးဖိတ်ကြားထားသောဧည့်သည်များနဲ့ကျောင်းသူကျောင်းသားများ၏မိသားစုများ အပါအ၀င် စုစုပေါင်း လူဦးရေ ၃၀၀ ခန့် သင်တန်းဆင်းပွဲ အခန်းအနားသို့ တက်ရောက်ဂုဏ်ပြုအားပေး ခဲ့ကြပါတယ်။ မြန်မာနိုင်ငံဆိုင်ရာဆွီဒင်သံရုံးအကြီးအကဲဖြစ်သူ Mr. Johan Hallenborg မှလည်းဘွဲ့ရကျောင်းသူ ကျောင်းသားများ အားတိုက်တွန်းအားပေးစကားများ ပြောကြားခဲ့ပါတယ်။
ORDER OF THE CEREMONY
Welcome Remarks Daw Su Su Nwe, Program Manager CLASS Story Saw Myo Min Thu, Executive Director Graduation Remarks Mr. Johan Hallenborg, Head of the Swedish Embassy Section Office, Yangon Conferral of Diplomas and Sashes Dr. Zin Mar Oo, Director of Programs Special Recognition Ms. Maureen Aung-Thwin, Member of TEF Myanmar Board Student Speakers Wai Yan Tun, Khun Yi, Ngun Za Tawng, Awn Ja Lu Traditional Dance Performance and Kant Kaw Song CLASS Students Closing Remarks Soundous Drissi, Assistant Director of Programs Group photo session with Graduated CLASS students ( Batch by Batch) |
CLASS သင်တန်းကာလတစ်နှစ်တာအတွင်းမှာ ကျောင်းသူကျောင်းသားများဟာ အင်္ဂလိပ်စာဘာသာ နှင့်ခေါင်းဆောင်မှုဆိုင်ရာဘာသာရပ်များအပြင် နိုင်ငံတကာ ဆက်ဆံရေး၊အခြေခံနိုင်ငံရေးသိပ္ပံ၊ ပြည်သူ့နီတိ၊လူမှုရေးသိပ္ပံ၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊လုပ်ငန်းစီမံခန်ခွဲရေး အစရှိတဲ့ ဘာသာရပ်များကိုလည်း လေ့လာ သင်ယူ ခဲ့ကြရတာဖြစ်ပါတယ်။ ဒီသင်တန်းကျောင်းရဲ့ရည်ရွယ်ချက် ကတော့ မြန်မာနိုင်ငံမှာ လူမှုရေးတရား မျှတမှုနဲ့နိုင်ငံသားအသိစိတ်ဓာတ်ရှိသော တစ်သက်တာ သင်ယူမှုကိုတန်ဖိုးထားတတ်တဲ့ လူငယ်ခေါင်းဆောင်များမွေးထုတ်ပေးဖို့ပဲဖြစ်ပါတယ်။